အောက်တိုဘာ ၄ ရက်က ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွေ့ရစဉ်
နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်ငွေမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆
ဘီလျံ ခန့်သာရှိပြီး ၁၁ ဘီလျံရှိသည့် ငွေစာရင်း ငါးခုနှင့်
ဆက်စပ်သက်ဆိုင်ခြင်း မရှိသည့်အပြင် အဆိုပါ ၁၁ ဘီလျံရှိသည့် ငွေစာရင်း
ငါးခုအကြောင်းကို မသိရှိဟု ပြည်ထောင်စု လွှတ်တော်၌ မြန်မာနိုင်ငံတော်
ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ရှင်းလင်းပြောကြားသည်။
The Days
Friday, October 4, 2013
Thursday, September 26, 2013
ဆိုက်ဘာလုံခြုံရေးအတွက် ဖွဲ့စည်းထားသော mmCERTကိုပြင်ဆင်ဖွဲ့စည်းမည်
ဆိုက်ဘာ လုံခြုံရေးအတွက်
ဖွဲ့စည်းထားသော အမျိုးသားအဆင့် ကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ (Computer
Emergency Response Team-mmCERT) ကို ပြင်ဆင် ဖွဲ့စည်းရန်ရှိကြောင်း မြန်မာနိုင်ငံ
ကွန်ပျူတာ အသင်းချုပ်မှ သိရသည်။ ကွန်ပျူတာ အသင်းချုပ်သည် mm-CERT တွင် ပါ၀င်၍ အပြည်ပြည်ဆိုင်ရာ
ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ် (ITU) Designated Focal Point အဖြစ် ပူးပေါင်းဆောင်ရွက်
သွားမည်ဖြစ်ကြောင်း သိရသည်။ ”ဆိုက်ဘာလုံခြုံရေး အတွက် mm CERT ကို ခိုင်မာတဲ့ အဖွဲ့အစည်း
တစ်ရပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းသွားဖို့၊ တခြားနိုင်ငံတော်အဆင့် အဖွဲ့အစည်းများနဲ့
ပူးပေါင်းပြီး မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် အနေနဲ့ နိုင်ငံတော်ရဲ့ ဆိုက်ဘာလုံခြုံရေး
အတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ လုပ်ဆောင်သွားဖို့ စဉ်းစားထားပါတယ်” ဟု မြန်မာနိုင်ငံ
ကွန်ပျူတာ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောကြားသည်။
ရေသယံဇာတပြပွဲ အောက်တိုဘာတွင် ပြုလုပ်မည်
အမေရိကန်နိုင်ငံ အပါအ၀င် အာရှခုနှစ်နိုင်ငံမှ ကုမ္ပဏီကြီးများ ပါ၀င်ပြသမည့် ရေသယံဇာတနှင့် ရေဆိုးဆိုင်ရာ နည်းပညာ စက်ပစ္စည်းနှင့် စီမံခန့်ခွဲမှုပြပွဲကို လာမည့်အောက်တိုဘာ ၂၄မှ ၂၆ရက်အထိ ရန်ကုန်မြို့ ဦး၀ိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ပြသမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲသည် အရှေ့တောင်အာရှ နိုင်ငံများတွင် လှည့်လည်ပြသနေသည့် ကုမ္ပဏီများ၏ ပထမအကြိမ်ပြပွဲဖြစ်ပြီး ယင်းပြပွဲတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာတန်သည့် လုပ်ငန်းဆိုင်ရာ သဘောတူညီချက်များ ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း အဆိုပါ ပြပွဲကို စီစဉ်သည့် UBM Asiaမှ အာဆီယံစီးပွားရေး လုပ်ငန်းအုပ်ချူပ်မှု ဒါရိုက်တာ မစ္စတာအမ်ဂန္ဒီက ပြောကြားခဲ့သည်။
Subscribe to:
Posts (Atom)


