Thursday, September 26, 2013

ရေသယံဇာတပြပွဲ အောက်တိုဘာတွင် ပြုလုပ်မည်


 

အမေရိကန်နိုင်ငံ အပါအ၀င် အာရှခုနှစ်နိုင်ငံမှ ကုမ္ပဏီကြီးများ ပါ၀င်ပြသမည့် ရေသယံဇာတနှင့် ရေဆိုးဆိုင်ရာ နည်းပညာ စက်ပစ္စည်းနှင့် စီမံခန့်ခွဲမှုပြပွဲကို လာမည့်အောက်တိုဘာ ၂၄မှ ၂၆ရက်အထိ ရန်ကုန်မြို့ ဦး၀ိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ပြသမည်ဖြစ်ကြောင်း သိရသည်။ ပြပွဲသည် အရှေ့တောင်အာရှ နိုင်ငံများတွင် လှည့်လည်ပြသနေသည့် ကုမ္ပဏီများ၏ ပထမအကြိမ်ပြပွဲဖြစ်ပြီး ယင်းပြပွဲတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာတန်သည့် လုပ်ငန်းဆိုင်ရာ သဘောတူညီချက်များ ဆောင်ရွက်နိုင်ရန် မျှော်လင့်ကြောင်း အဆိုပါ ပြပွဲကို စီစဉ်သည့် UBM Asiaမှ အာဆီယံစီးပွားရေး လုပ်ငန်းအုပ်ချူပ်မှု ဒါရိုက်တာ မစ္စတာအမ်ဂန္ဒီက ပြောကြားခဲ့သည်။

ရေသယံဇာတဆိုင်ရာ ပြပွဲများကို လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ခန့်က ထိုင်းနိုင်ငံတွင် ပထမဆုံး စတင်ကျင်းပခဲ့ပြီး ရေနှင့်ဆိုင်သော လုပ်ငန်းသုံး စက်ပစ္စည်းများနှင့် တစ်ဆင့်ခံ လုပ်ငန်း အပ်နှံခြင်းဆိုင်ရာ ပြပွဲတစ်ခုဖြစ်ပြီး စက်ပစ္စည်းကိရိယာများ၊ စက်မှုလုပ်ငန်းသုံး အစိတ်အပိုင်းများ၊ ကိရိယာတန်ဆာပလာများနှင့် နည်းပညာများ ပြသရန် စီစဉ်ထားကြောင်း သိရပါသည်။

Ref-Myanmar ICT

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...