Thursday, September 26, 2013

ဆိုက်ဘာလုံခြုံရေးအတွက် ဖွဲ့စည်းထားသော mmCERTကိုပြင်ဆင်ဖွဲ့စည်းမည်


ဆိုက်ဘာ လုံခြုံရေးအတွက် ဖွဲ့စည်းထားသော အမျိုးသားအဆင့် ကွန်ပျူတာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့ (Computer Emergency Response Team-mmCERT) ကို ပြင်ဆင် ဖွဲ့စည်းရန်ရှိကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ သိရသည်။ ကွန်ပျူတာ အသင်းချုပ်သည် mm-CERT တွင် ပါ၀င်၍ အပြည်ပြည်ဆိုင်ရာ ကြေးနန်းဆက်သွယ်ရေး အဖွဲ့ချုပ် (ITU) Designated Focal Point အဖြစ် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ ”ဆိုက်ဘာလုံခြုံရေး အတွက် mm CERT ကို ခိုင်မာတဲ့ အဖွဲ့အစည်း တစ်ရပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းသွားဖို့၊ တခြားနိုင်ငံတော်အဆင့် အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ် အနေနဲ့ နိုင်ငံတော်ရဲ့ ဆိုက်ဘာလုံခြုံရေး အတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ လုပ်ဆောင်သွားဖို့ စဉ်းစားထားပါတယ်” ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောကြားသည်။


ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမြတ်ဟိန်းကလည်း ”eGovernmet လုပ်ငန်းများ ဆောင်ရွက်ရာမှာ တည်ဆောက်ထားတဲ့ စနစ်တွေ အသုံးပြုတဲ့အခါ မူရင်းအချက်အလက်တွေ မှန်မှန်ကန်ကန်နဲ့ Process လုပ်ဆောင်နိုင်ဖို့ အရေးကြီးပါကြောင်း၊ ၀က်ဘ်ဆိုက်မှာ တင်ထားတဲ့ အချက်အလက်တွေ၊ အစိုးရဌာန တစ်ခုက တစ်ခုသို့ အပြန်အလှန်ပေးပို့ ဆောင်ရွက်နေကြတဲ့ အချက်အလက်တွေ၊ အွန်လိုင်းကတစ်ဆင့် ပေးပို့ကြတဲ့ ငွေကြေးတွေ လုံလုံခြုံခြုံ တိတိကျကျ ပေးပို့နိုင်ဖို့ အလွန်အရေးကြီး ပါကြောင်း၊ ထိုသို့ လုံခြုံစေရေးအတွက် လုံခြုံမှုကို တာ၀န်ယူမယ့် အမျိုးသားအဆင့် Certification Authority (CA) ကိုလည်း ထူထောင်ပြီး ဖြစ်သလို ကွန်ပျူတာ စနစ်အတွင်း ၀င်ရောက် နှောင့်ယှက်မှုတွေ မသမာမှုတွေ ဖျက်ဆီးမှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ အမျိုးသားအဆင့် Computer Emergency Response Team (mmCERT)ကိုလည်း နည်းပညာအနေနဲ့ Security Training and Seminar, Incident Monitoring Handling အကြံပြုချက်တွေ၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် နိုင်စေရေးတွေ ကူညီပံ့ပိုးနေတယ်လို့ သိရှိရပါကြောင်း” ကွန်ပျူတာ အသင်းများ၏ နှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားခဲ့သည်။ mmCERT အနေဖြင့် သတင်းထုတ်ပြန်မှု အားနည်းခြင်းကြောင့် ေ၀ဖန်ခံရမှုများ ရှိခဲ့ကြောင်း သိရသည်။

Ref-Myanmar ICT

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...