Friday, October 4, 2013

နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်ငွေမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံခန့်ရှိပြီး ၁၁ ဘီလျံရှိသော ငွေစာရင်းငါးခုနှင့် ဆက်စပ်သက်ဆိုင်ခြင်း မရှိသည့်အပြင် အဆိုပါ ငွေစာရင်းငါးခု အကြောင်းကို မသိရှိဟု ဗဟိုဘဏ်ဥက္ကဋ္ဌ လွှတ်တော်သို့ လာရောက်ရှင်းလင်း

အောက်တိုဘာ ၄ ရက်က ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွေ့ရစဉ်
နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်ငွေမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ ခန့်သာရှိပြီး ၁၁ ဘီလျံရှိသည့် ငွေစာရင်း ငါးခုနှင့် ဆက်စပ်သက်ဆိုင်ခြင်း မရှိသည့်အပြင် အဆိုပါ ၁၁ ဘီလျံရှိသည့် ငွေစာရင်း ငါးခုအကြောင်းကို မသိရှိဟု ပြည်ထောင်စု လွှတ်တော်၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ရှင်းလင်းပြောကြားသည်။
Related Posts Plugin for WordPress, Blogger...